Events
“4th Logix India 2023-International Buyer Seller Meet” အခမ်းအနား ကျင်းပမည်
Updated At: 2023-03-13 09:50:47
အိန္ဒိယသမ္မတနိုင်ငံ၊ မွန်ဘိုင်းမြို့၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ အထိ “4th Logix India 2023-International Buyer Seller Meet” ကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းအခမ်းအနားသည် Federation of India Export Organization (FIEO) က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံတကာဈေးကွက်များသို့ အိန္ဒိယနိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေး အချိတ်အဆက်များ တိုးမြှင့်နိုင်ရန်ရည်ရွယ်၍ နိုင်ငံတကာမှ Freight Forwarder ကုမ္ပဏီများအား hosted buyer များအဖြစ် တက်ရောက်ရန်အတွက် ဖိတ်ကြားထားပါသည်။ မြန်မာနိုင်ငံမှ တက်ရောက်ရန် အတည်ပြုဖိတ်ကြားခံရမည့် hosted buyer များသည် လေယာဉ်လက်မှတ်ခ၊ တည်းခိုနေထိုင်စရိတ်များကို ရရှိမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ကုမ္ပဏီများနှင့် လုပ်ငန်းချိတ်ဆက်မှု အခွင့်အရေးကောင်းများကိုလည်း ရရှိမည်ဖြစ်ပါသည်။
အဆိုပါအခမ်းအနားသို့ ပါဝင်တက်ရောက်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် http://www.logix-india.com/overseas-burers-registration တွင် ပူးတွဲပါလျှောက်လွှာ၌ ဖြည့်စွက်၍ စာရင်းပေးသွင်းလျှောက်ထားရမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုသည်များကို Project Coordinator ဖြစ်သူ Mr. Steffy Josh (Mobile:+91-981190928, email:logix@fieo. org, website:www.logix-india.com ထံ တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပြီး Zoom ဖြင့် တွေ့ဆုံ ဆွေးနွေးနိုင်ကြောင်းနှင့် တက်ရောက်မည့် ကိုယ်စားလှယ်များရှိပါက အီးမေးလ် event.td. [email protected] သို့ မိတ္တူပေးပို့သွားရန်ဖြစ်ပါသည်။
( Wah Wah Htun - TD )
Event Details
- Date
- 27th to 29th March
- Location
- အိန္ဒိယသမ္မတနိုင်ငံ၊ မွန်ဘိုင်းမြို့
- Website
- www.myantrade.gov.mm
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025